သတင်းများ

မြစ်သားမြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ တစ်နိုင်တစ်ပိုင် ဝက်သားပေါက် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်
Oct 18,2023
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား‌စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က စစ်တုရင်နှင့် Scrabble ပြိုင်ပွဲများ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က ကျင်းပခဲ့သည်။
သီပေါမြို့နယ် ကျင်သီကျေးရွာ၌ တောင်သူအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Oct 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်သီကျေးရွာ၌ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆားတောင်ငယ်ကျေးရွာနှင့် သင်္ဂတုံကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး
Oct 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး Wilmer Myanmar Edible Oil Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား ရောင်းချပေးလျက်ရှိရာ အောက်တိုဘာ(၁၈)ရက်၊ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဆားတောင်ငယ်ကျေးရွာနှင့် သိင်္ဂါတုံကျေးရွာများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး
Oct 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက် ငှားရမ်း‌ပေးခဲ့သည်။
အိမ်ခြံဝင်းအတွင်းရှိ သစ်ပင်များတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ တိုးချဲ့စိုက်ပျိုးလာ
Oct 18,2023
လိပ်သိုဒေသတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို တောတောင်လျှိုမြောင်များရှိ ဉယျာဉ်ခြံများတွင်သာ စိုက်ပျိုးလာခဲ့ကြရာမှ ယခုအခါ လိပ်သိုမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံတို့၏ နေအိမ်ခြံဝင်းများအတွင်းရှိ သစ်ပင်များ၏ အပင်ခြေရင်းတွင် တစ်နိုင်တစ်ပိုင် တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုက‌လေးမြို့နယ်အတွင်း လူကုန်ကူးမှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ‌ဆောင်ရွက်ခဲ့သည်။