ညောင်တုန်း ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူတစ်ရပ်လုံးမှ အားကစားလှုပ်ရှားမှုတွင် ပါဝင်လာစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာစေရန်နှင့် အားကစားစိတ်ဓာတ်များတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နယ်အတွင်းရှိပြည်သူများ စုစုပေါင်း အင်အား(၃၀၀)ဦးခန့် ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရှေ့စုရပ်မှ မြို့တွင်းလမ်းကြောင်းများအတိုင်း မြို့တော်ခန်းမထိ အားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပြီး သွေးပူလေ့ကျင့်ခန်း၊ Physical Fitness Dance လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)