ကော့သောင်း ဒီဇင်ဘာ ၂၃
ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံးကိုယ်လက်ကြံ့ခိုင်ရန်ပါဝင်ဆင်နွဲရေးတို့အတွက် ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(တတိယပတ်)ကို ယနေ့နံနက် ၅နာရီခန့်က ကော့သောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မဥ္ဇူသကခန်းမရှေ့မှ စတင်တာလွှတ်၍ ဖွင့်လှစ်ပေးပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်(၁၀၀၀)ခန့်က ကော့သောင်းမြို့တွင်း အကွာအဝေး (၃)မိုင်ခန့် စုပေါင်းလမ်းလျှောက်ပွဲကို ပါဝင်ဆင်နွဲခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် ကော့သောင်းမြို့၊ လွတ်လပ်ရေးကျောက်တိုင် အားကစားကွင်းတွင် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းနှင့် Fitness Dance ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)