လှိုင်းဘွဲမြို့နယ်တွင် ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲနှင့်ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလစုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၅)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများက လှိုင်းဘွဲမြို့မချောင်းကူးတံတားမှစတင်၍ ဒိုင်းပြကျေးရွာ၊ အထက(ခွဲ)ကျောင်းရှေ့အထိ အသွားအပြန်လမ်းလျှောက်ခဲ့ကြပြီးနောက် ဇွဲမာန်အားကစားကွင်းအတွင်း၌  ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို ပျော်ရွင်စွာဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ လမ်းလျှောက်ပွဲတွင်ပါဝင် ဆောင်ရွက်ကြသူများအား ကောက်ညှင်းပေါင်းနှင့် လက်ဖက်ရည်တို့ကို ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။

စောဖိုးခွါး (ပြန်/ဆက်)