ကျောင်းကုန်းမြို့၌ ဒီဇင်ဘာ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ

ကျောင်းကုန်း ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (စတုတ္ထပတ်) လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုလမ်းလျောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အခြေခံပညာကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ကာ ကမ်းနားလမ်း၊ ဆေးရုံလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ မီတာ(၄၀၀)မြို့မအားကစားကွင်းသို့ တပျော်တပါး စုပေါင်းလမ်း လျောက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအတွဲ(၁)၊အတွဲ (၂)များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)