ကဝမြို့နယ်တွင် ဒီဇင်ဘာ(စတုတ္ထပတ်)စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်

ကဝ  ဒီဇင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူများကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍  ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့ နံနက် (၅)နာရီ အချိန်၌  ပြုလုပ်ခဲ့သည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင်စုဝေးပြီး ပဲခူးလမ်းမကြီးမှ ကဝမြို့ရှောင်လမ်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး မြို့ရှောင်လမ်းမကြီးဘေးတွင် ကိုယ်လက်လှုပ်ရှားလေကျင့်ခန်းများပြုလုပ်ကြသည်။

အဆိုပါ စုပေါင်းလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်များအတွင်းမှ ဒေသခံပြည်သူစုစုပေါင်းအင်အား (၁၅၀)ဦးခန့်က ပျော်ရွှင်တက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)