သာယာဝတီမြို့နယ်တွင် မြို့နယ်အဆင့် (GRADE-5) နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်

သာယာဝတီ     ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပဉ္စမတန်းကို သင်ကြားနိုင်ရန်နှင့် မူလတန်းကို ခြုံငုံပြီး အလယ်တန်းကို လေ့လာ ချိတ်ဆက်နိုင်စေရန်အတွက် GRADE-5 နောက်ဆက်တွဲ ဖွင့်ပွဲကိုသင်တန်းကို ယနေ့နံနက် ၉ နာရီက  သာယာဝတီမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပညာ့အားမာန်) ခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က ကလေးများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ မြင့်မားရေးကို ဦးတည်ပြီး (Grade-5) နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကလေးများအတွက် အရည်အသွေး အာမခံမှုရှိသော ပညာရေးစနစ်ကို အကောင် အထည်ဖော်ရာတွင် ယခု (Grade-5) သင်တန်းကို တက်ရောက်ကြသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ရိုးညွှန်းတမ်းကို ပိုင်နိုင်စေရန် သင်တန်းကာလအတွင်း ကြိုးစားဆည်းပူး လေ့လာဆောင်ရွက်ကြရန် ပြောကြားသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၁၃၅)ဦး၊ တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူများအား GRADE-5 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)