၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

သာပေါင်း ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်ကစတင်၍ ကြိုဆိုပါ၏ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ရပ်ကွက်‌နေပြည်သူ (၂၆၀)ခန့်တို့က ပိန္နဲကုန်းတံတားအထိ တစ်ပျော်တစ်ပါး ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားကြံ့ခိုင်ရေး သွေးပူလေ့ကျင်းခန်းများပြုလုပ်ကြသည်။

ထို့နောက် ကျား၊ မ လွန်ဆွဲပြိုင်ပွဲယှဉ်ပြိုင်ကစားကြပြီး ဆုရအားကစားသမားများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်ချိုသဲနှင့်ဌာနဆိုင်ရာများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဒီဇင်ဘာလ စတုတ္ထပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာတတ်ရောက်ဆင်နွဲကြသူများအား ကောက်ညှင်းငချိတ်၊ ပဲပေါင်းများ ဝေငှပေးကြကြောင်း သိရှိရသည်။

မျိုးဇော်သိန်း