ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သောတောင်သူများအား နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေကျပ်သန်း(၁၉၇၀)ပေးအပ်

ဆိပ်ဖြူ     ဒီဇင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကြက်သွန်နီကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်သည့် ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း လီမိတက် အသင်းဝင်တောင်သူများအား အရင်းမပျောက်မတည်ရန်ပုံငွေမှ  အရင်းမပျောက်မတည်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေများကို မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့်  ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်တောင်သူများ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာတွင် အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်နှင့်  လိုအပ်သော သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်ရေးကော်မတီဝင်များ၊ ကြက်သွန်နီစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းဝင် တောင်သူများတက်ရောက်ခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်(၂) ဦးအောင်ထွန်းတို့က နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေထောက်ပံ့ပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် ဆိပ်ဖြူမြို့နယ်၏ အဓီကဒေသထုတ်ကုန် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ပြည်တွင်း ပြည်ပတင်ပို့ရောင်းချမှု အဆင်ပြေချောမွေ့စေရန်နှင့် ဈေးကွက်ရှိရေတို့ကို လမ်းညွှန်အမှာစကားများ ပြောကြားပေးခဲ့သည်။ ထို့နောက် နိုင်ငံစီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည် ချေးငွေ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ထက်က အသင်းဝင်တောင်သူများ အားအရင်းမပျောက် မတည်ချေးငွေ ထုတ်ချေးမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြပေးသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေ ကျပ်သန်း(၁၉၇၀)ကျပ်အား မြို့နယ်တာဝန်ခံ(၂)ဦးအားလည်းကောင်း၊ နိုင်ငံ စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်ရေးကော်မတီဝင်များနှင့် မြို့နယ်တာဝန်ခံများက  ကြက်သွန်နီ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းဝင် တောင်သူများထံ လွှဲပြောင်းပေး အပ်ခဲ့သည်။ 

ဆိပ်ဖြူမြို့နယ်အတွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် တောင်သူ(၅၇) ဦး စိုက်ပျိုးထားရှိသည့် ကြက်သွန်နီ တစ်ဧကလျှင် (၅) သိန်းကျပ်၊ ချေးငွေကာလ (၆)ဖြစ်ပြီး တစ်လလျှင် (သုည ဒဿမ ၇၀)ပြားဖြစ်ကြောင်း၊ ကြက်သွန်နီစိုက် (၃၉၄) ဧကအတွက် (၁၉၇၀) ကျပ်သန်းနိုင်ငံစီးပွားမြှင့်တင်ရေး ဖစီမံကိန်းရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အဆင့် နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်ရေးကော်မတီဝင်များထံမှ သိရသည်။

ဇွဲ(အညာမြေ)