ဒေသထွက် ဝါးများနှင့် မိုးနဲမြို့နယ် နမ့်မော်လေကျေးရွာမှ ရှမ်းရိုးရာ ဝါးခမောက်လုပ်ငန်း တွေ့ဆုံမေးမြန်းခြင်း
Oct 18,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် သဘာဝကပေးသော သစ်တောထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ဝါးလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ရှမ်းရိုးရာခဝါးခမောက်ထုတ်လုပ်နေမှုများနှင့်စပ်လျဉ်း၍ မိုးနဲမြို့နှင့် သုံးမိုင်ခန့်ကွာဝေးသော မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်လေကျေးရွာနေ ဦးဝိစိတ္တနှင့်တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။