ကျိုက်ထိုမြို့နယ်တွင် Grade-5 သင်‌ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ကျိုက်ထို ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့ သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမောင်ညိုမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာ‌ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုး မှသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက်သင်တန်းနည်းပြများက မိတ်ဆက်စကားပြောကြားပြီး နည်းပြဆရာ(၆)ဦးမှ သင်ကြားရမည့် ဘာသာရပ်ကို မြို့နယ်ပညာရေးမှူး ဦးမောင်ညို၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးမိုးအေး၊ လက်ထောက်ပညာရေးမှူး ဦးသိန်းထွန်း၊အကြီးတန်းစာရေး ဒေါ်သဲဆုလှိုင်တို့က ကြီးကြပ်၍ မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ လူမှုရေး၊ ဂီတ၊ စာရိတ္တ၊ ပြည်သူ့နီတိ၊ ကာယ၊ ပန်းချီ ဘာသာရပ်များကို သင်တန်းသား၊သင်တန်းသူ(၁၀၁)ဦးတို့အား ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ  (၄)ရက်ကြာသင်ကြား ပို့ချသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)