ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 19,2023
ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်တရားမဝင်ကုန်သွယ်ရေး တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ် စီးပွားရေး ရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ အတွင်းရေးမှူး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။