ဟားခါး ဒီဇင်ဘာ ၂၄
ပြည်သူတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက်ရည်ရွယ်၍ ဒီဇင်ဘာလ (စတုတ္ထပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၆ နာရီခွဲက ချင်းပြည်နယ်၊ ဟားခါးမြို့၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီးဒေါ်ဒိမ့်ခန့်လွန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ဦးခန့် ပါဝင်ဆင်နွှဲကြသည်။
စုပေါင်းလူထုလမ်းလျှောက်ပွဲကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က သေနတ်ပစ်ဖောက်ဖွင့်လှစ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှ ချင်းပြည်နယ် လွှတ်တော်ရုံးအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့ ကွင်းပြင်တွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူများနှင့်အတူ ချင်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁ ၊၂ )၊ လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ကြကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်သူများအား ကောက်ညှင်းပေါင်းနှင့်အကြော်များ ပေးဝေခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)