နမ့်ခမ်းမြို့နယ်၌ အရသာထူးကဲကောင်းမွန်သော ဒေသထွက်ပလောင်လက်ဖက် ဈေးကောင်းရ
Oct 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ တောင်ပေါ်ဒေသတစ်ကျောတွင် ပလောင်လက်ဖက်စိုက်ပျိုးသည့် ကျေးရွာများဖြစ်သည့် မန်အောင်ကျေးရွာ၊ ဆာလုကျေးရွာ၊ ကောင်းခေကျေးရွာ၊ မန်လုံကျေးရွာ၊ ကောင်းဝိုင်းကျေးရွာ၊ အွယ်လောကျေးရွာတို့မှ စိုက်ပျိုးတောင်သူများသည် ပလောင်လက်ဖက်များကို အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချရချိန်၌ ဈေးကောင်းရရှိကြောင်း သိရသည်။