မုဒုံမြို့၌ လူနေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွား

မုဒုံ      ဒီဇင်ဘာ     ၂၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက် သင်္ဘောဦးရပ် ဘုရင့်နောင်လမ်းသွယ်(၁)လမ်းတွင်  ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ(၃:၃၀)အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အဆိုပါလမ်းတွင် နေထိုင်သောဦးတင်မောင်ဆွေ၏ နေအိမ်အပေါ်ထပ်တွင် ပါဝါဘန့်အားသွင်းထားရာမှ အပူလွန်ကဲပြီး အိပ်ယာအား မီးစွဲလောင်ကျွမ်း၍ နေအိမ်အား မီးစတင်လောင်ကျွမ်းခဲ့ရာ အနီးရှိလူနေအိမ် သုံးလုံးမီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဖုန်းမြင့်အေးဦးဆောင်၍ မီးတပ်တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက မီးငြှိမ်းသတ်ယာဥ်(၅)စီး၊ ရေသယ်ယာဥ်(၅)စီးတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ(၄)နာရီခန့်က မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနေအိမ်လေးလုံးစုစုပေါင်တန်ဖိုးငွေကျပ်(၇၃) သိန်းကျပ်ခန့် ဆုံးရှုံးသွားခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)