သတင်းများ

သီပေါမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်
Oct 19,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်
Oct 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာ ကန်သုံးဆင့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အုတ်တွင်း၊ သက္ကယ်သောင်၊ ဒီးဒူးကုန်းအုပ်စုများမှ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် မောက်မယ်မြို့နယ်၌ မျိုးသန့်ပွားမျိုးစေ့(RS)မိုးစပါး စိုက်ပျိုးထားရှိရာ ဖြစ်ထွန်းအောင်မြင်
Oct 19,2023
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၂)၊ ဦးပိုင်အမှတ်(၇)တောင်သူ ဦးကျော်ဇံ၏လယ်မြေ၌ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီ ကောက်ညှင်းမွေး မိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄)ကြိမ်မြောက် သင်ပုတ်ပလ္လင်ပွဲတော်စည်ကား စွာကျင်းပ
Oct 19,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် အမှတ်(၅) ရပ်ကွက်အတွင်းရှိ အံ့ဖွယ်ကိုးစုံရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄)ကြိမ်မြောက် သင်ပုတ်ပလ္လင်ပွဲတော်အား အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီမှစတင်ကာ မြို့တွင်းအပူဇော်ခံလှည့်လည်ခြင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်၌ ပြည်သူအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Oct 19,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးငယ်များအား ပြည်သူ့အခြေပြုမြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် အခြားစုရပ်အသီးသီးတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧကလျှင် အစိုထွက်တင်း ၁၃၀ကျော် ထွက်ရှိ
Oct 19,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအုပ်စု၌ ​တောင်သူ ဦးထွန်းထွန်း၏ လယ်မြေကွင်းအမှတ် ၃၁၈၊ ဦးပိုင်အမှတ် ၂၈/၂ ရှိ စိုက်ဧက ၂ ဒဿမ ၁၉ ဧကတွင် ယနေ့ နံနက်ပိုင်းက ဆင်းဧကရီ-၃ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Oct 19,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်၌ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ ညနေ ၄ နာရီက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အားသွန်းခွန်စိုက်ဆောင်ရွက်ခဲ့သော မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။