မောက်မယ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက် လေ့လာမှုနှင့်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်ရည်ရွယ်၍ ၂၀၂၃−၂၀၂၄ ပညာသင် နှစ်အခြေခံ မူလတန်းအဆင့် Grade-5 သင်ရိုးသစ်၊ စာမေးပွဲဆိုင်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်ခြင်းကို အခြေခံပညာမူလတန်းကျောင်း(မွေတော်)၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါနောက်ဆက်တွဲသင်တန်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရအောင်က အမျိုးသား ပညာရည် စစ်ဆေးတိုင်းတာခြင်းကိုစစ်ဆေးအကဲဖြတ်ခြင်း ကဏ္ဍ(၄)ရပ်ဖြစ်သောအတန်းတွင်းစစ်ဆေးခြင်း၊ ကျောင်းအခြေပြုစစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်း၊ အလယ် တန်း၊ အထက်တန်းအဆင့်ပြီး မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းနှင့် နမူနာအခြေပြုသင်ယူမှုစစ်ဆေးအကဲဖြတ်ခြင်းဟူ၍ ခွဲခြားသတ် မှတ်ထားသည့်အတွက် အတန်းကူးပြောင်းမှုရရှိဆောင်ရွက်ရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဆရာ/ဆရာမများ အနေဖြင့်၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံမူလတန်းအဆင့် Grade-5အတွက် သင်ယူမှုရလဒ်ပြဇယား၊ နမူနာမေးခွန်းအတွက် အသေးစိတ်အညွှန်းဇယား၊ စာမေးပွဲ နမူနာမေးခွန်း၊ အမှတ်ပေးစည်းမျဉ်းများကိုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် နောက်ဆက်တွဲဆွေးနွေးပွဲ သင်တန်းပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားသည်။
အဆိုပါ နောက်ဆက်တွဲသင်တန်းတွင် မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 သင်ကြားနေသည့်ဆရာ/ဆရာမများ(၃၉)ဦးတက်ရောက်ကြပြီး နည်းပြ(၃)ဦးတို့မှ ဒီဇင်ဘာ ၂၃ရက်မှ ၂၆ ရက်နေ့အထိ သုံးရက်ရှင်းလင်းဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)