မိုင်းဖြတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(မိုင်းဖြတ်) ရှိ ရွှေလီဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ညွှန့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဥ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို နည်းပြဆရာ၊ ဆရာမ ၃ဦးက ဘာသာရပ်ခေါင်းစဥ်များအလိုက် သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ (၆၆)ဦး၊ အလယ်တန်းအဆင့်သင် ဆရာ၊ဆရာမ (၁၃)ဦး စုစုပေါင်း(၇၉)ဦး တတ်ရောက်ကြပြီး သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ရက်အထိ ၇ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်းတွင် နားထောင်ခြင်းစွမ်းရည်၊ စကားပြောစွမ်းရည်၊ စာဖတ်စွမ်းရည်၊ အရေးအတတ်ပညာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)