ရွှေတောင် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က(ကြာနီကန်)ကျောင်းတွင် ယမန်နေ့နံနက်(၉း၀၀)နာရီက Grade-5(သင်ရိုးသစ်)မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းမှာ Grade-5(သင်ရိုးသစ်)သင်တန်းကို မပြီးမြောက်သေးသော မူအုပ်၊ မူလတန်းပြ ဆရာ၊ ဆရာမများအားလုံး Grade-5(သင်ရိုးသစ်) အကြောင်းပိုမိုသိရှိနားစေရန်၊ ဘာသာရပ်အသီးသီး၏ အကြောင်းအရာများတွင်သာမက သင်ကြားသင်ယူမှုဖြစ်စဥ်များနှင့် ချဥ်းကပ်နည်းများကိုသိရှိစေရန်၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောကဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးမှုနှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများဖြစ်ပေါ်လာစေရန်နှင့် Grade-5(သင်ရိုးသစ်)သင်ကြားသည့် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်များတိုးတက်မြင့်မားစေရန် Grade-5(သင်ရိုးသစ်)ရှိ ဘာသာရပ်များအား ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး Grade-5(သင်ရိုးသစ်)သင်ကြားမည့် ဆရာ၊ ဆရာမ(၁၇၄)ဦးတက်ရောက်၍ သင်တန်းကာလ(၂၃-၁၂-၂၀၂၃)မှ(၂၆-၁၂-၂၀၂၃)ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)