ယင်းမာပင်မြို့တွင် ၇၆နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင် ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် ၇၆ နှစ်မြောက်လွတ်လပ်ရေး‌နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က ခရိုင်စုပေါင်းဝန်းအတွင်းရှိ ပိုက်ကျော်ခြင်း အားကစားကွင်းတွင် ဌာနပေါင်းစုံအမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အသင်းပေါင်း  ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲစဉ်(၁)တွင်စက်မှု လယ်ယာနှင့်ရဲတပ်ဖွဲ့-(ခ)၊ ပွဲစဉ်(၂)တွင် ရဲတပ်ဖွဲ့-(က)နှင့် မီးသတ်၊ ပွဲစဉ်(၃)တွင် ညွှန့်ပေါင်းနှင့်ဟာသ၊ ပွဲစဉ် (၄)တွင်မြို့နယ်ထွေအုပ်နှင့် လုံခြုံရေးတပ်ဖွဲ့၊ ပွဲစဉ်(၅)တွင် ခရိုင်ထွေအုပ်နှင့်မြို့နယ်ထွေအုပ်၊ ပွဲစဉ်(၆)တွင် ညွှန့်ပေါင်း-၂ နှင့် စည်ပင်အသင်းတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အသင်းများကို လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေး အပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း မြို့နယ်အားကစားကွင်းအတွင်း၌ မီတာ၅၀၀၀ အပြေးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများကို ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)