ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးတင်အေးနှင့်အဖွဲ့ဝင်များ လမ်းကတ္တရာပြုပြင်ခြင်း၊ တံတားအပေါ်ထည်ပြုပြင်ရန် လုပ်ငန်းပစ္စည်းများစုဆောင်းမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးတင်အေးနှင့် အဖွဲ့ဝင်များ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က လမ်းကတ္တရာပြုပြင်ခြင်း၊ တံတားအပေါ်ထည်ပြုပြင်ရန် လုပ်ငန်းပစ္စည်းများစုဆောင်းမှု အခြေအနေအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်အေး၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးမှူးဦးကိုနှင့်အဖွဲ့ဝင်တို့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လှေကြီးတက်ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ လှေကြီးတတ်(သရက်ပင်ဝ)မှ (၃၀၈)ခြေမြန်တပ်ရင်းသို့(၀/၂မိုင်)၊ (၁၄’×၃’)လမ်း ကတ္တရာပြုပြင်ခြင်းလုပ်ငန်းနှင့် ကျင်းကြီးတံတား အမှတ်(၂)(၁၅’×၁၆’)အပေါ်ထည် ပြုပြင်ခြင်းလုပ်ငန်းပစ္စည်းစုဆောင်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း(သာပေါင်း ပြန်/ဆက်)