ပြည်မြို့နယ်တွင် သင်ရိုးသစ် (Grade-5)မြို့နယ်အဆင့် နောက်တက်တွဲ သင်တန်း ဖွင့်လှစ်

ပြည် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်သင်ရိုးသစ် (Grade-5) မြိုနယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ကျင်းပရာ ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက သင်တန်းဖွင့်အမှာစကား‌ ပြောကြားသည်။

ဆက်လက်၍ ပြည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းလွင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နော်အေးမေက သင်တန်းဖွင့်လှစ်ရ ခြင်းအကြောင်းရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ယခုလ ၂၃ရက်မှ ၂၇ရက်အထိ သင်တန်းကာလ ငါးရက်ကြာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် နည်ပြဆရာ/ဆရာမ ၁၆ဦးက (Grade -5) ဘာသာရပ်အားလုံးနှင့် ကာယ၊ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များကို စာတွေ့/လက်တွေ့သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းသို့ ပြည်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ၂၀၀ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)