သတင်းများ

မိုင်းယောင်းမြို့နယ်၌ အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
Oct 19,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့ ညနေ ၄ နာရီက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အားသွန်းခွန်စိုက်ဆောင်ရွက်ခဲ့သော မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေသော ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးကြေညာ
Oct 19,2023
လားရှိုးမြို့တွင် အများပြည်သူထိတ်လန့်မှုဖြစ်စေတတ်သော ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဈေးဆိုင်များတွင် သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန် အသိပေးနှိုးဆော်လျက်ရှိနေကြောင်း သိရသည်။
ကျိုက်မရော၌ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုး ရေးစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 19,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါး၊ ဆောင်းသီးနှံစိုက်ပျိုးရေး  စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ Parbisure အမည်ဖြင့် ဆေးဝါးဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး
Oct 19,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားသည့်ဆေးဝါးနှင့် ပုံစံတူတရားမဝင်ဆေးဝါးရောင်းချခြင်းများရှိ /မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 19,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျေးလက်ဒေသများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Oct 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့​သည်။
ဟိုပင်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်ကြီးကုန်း)တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်
Oct 19,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်း (နတ်ကြီးကုန်း)တွင် ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယမန်နေ့မွန်းလွဲ ၁နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့အဝင်တွင် အောင်ပွဲရ မြန်မာ့ဂုဏ်ဆောင် ရွက်လှေအဖွဲ့သားများအား ကြိုဆိုဂုဏ်ပြု
Oct 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နေ့လည်(၁၃း၀၀)နာရီအချိန်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Khaolak Classic 2023 (Surfing) ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ပြီး မြန်မာ့ဂုဏ်ဆောင် နိုင်ခဲ့သည့် Surf Association of Myanmar (SAM) ရွက်လှေအဖွဲ့သားများ ပြန်လည်ရောက်ရှိလာရာ ငွေဆောင်မြို့အဝင်မှ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။