သတင်းများ

မိုင်းယုမြို့၌ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Oct 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဘားအံ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း (၃)မျိုး ဖွင့်လှစ်
Oct 21,2023
ကရင်ပြည်နယ်၊ ဘားအံမြို့သည် တောတောင်သဘာဝရှုခင်းများ၊ Lime Stone Mountain ထုံးကျောက်တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့်ပွဲတော်များ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများကြားတွင် ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များနှစ်စဉ်တိုးတက် ဝင်ရောက်လာသည့်အတွက် ခရီးသွားဧည့်သည်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ) သင်တန်း(၃) မျိုးကို ဖွင့်လှစ်သည်။
မော်လမြိုင်မြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီး
Oct 21,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်းမှ စပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလဆန်းပိုင်းတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မူဆယ်မြို့၌ စနူကာ၊ ဘီလိယက်၊ 8 - Ball ပြိုင်ပွဲကျင်းပ”
Oct 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား စနူကာ၊ ဘိယိယက်၊ 8-Ball ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ခရိုင် မိုးလုံလေလုံ အားကစားကွင်း၌ ပြုလုပ်သည်။
မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများရှိတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား အာဟာရနှင့် ကျန်းမာရေးဆေးဝါးများထောက်ပံ့
Oct 21,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် ညစာကျက် ဝိုင်းများ ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများသို့ မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့် မားရေးကော်မတီဝင်များက အာဟာရ ကြက်ဥနှင့်အရေးပေါ်သုံး ကျန်းမာရေးဆေး သေတ္တာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ဂတ်စ်မီးဖိုအိုး ယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား
Oct 21,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမိန် ဗရမ်းလမ်းရှိ တိုက်အမှတ်(၂၂) (၇)လွှာတွင် အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ(၆)နာရီ (၅၅)မိနစ် အချိန်က  ဂတ်စ်မီးဖိုအိုး ယိုစိမ့်၍ အခန်းအတွင်း ဓာတ်ငွေ့များ ပျံ့နှံ့နေစဉ် မီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊တောင်ဒဂုံမူလတန်းကြိုကျောင်း၌ (ပထမ) အကြိမ် မိဘအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Oct 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၈ ရပ်ကွက်၊ မြရည်နန္တာလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ဒဂုံမူလတန်းကြိုကျောင်းတွင် ရင်သွေးငယ် များအား ငယ်ရွယ်စဉ်မှစ၍ ပြုစုစောင့်ရှောက်ရာတွင် စနစ်တကျပြုစုပျိုး‌ထောင်နိုင်စေရန်  (ပထမ)အကြိမ်  မိဘအသိပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃နာရီက ကျင်းပပြု လုပ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူ
Oct 21,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်  အများပြည်သူများ သိရှိ လိုက်နာနိုင်ရန်အတွက် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြသည်။