စမ်းချောင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

စမ်းချောင်း ​နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စမ်းချောင်းမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က လူငယ်နှင့်ပညာရေး၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်နှင့် စာပေ၊ စာရေးဆရာမ သင်းလဲ့လဲ့ထွန်းက မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်များဖြင့် အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်နှင့် သုတ ရသစာအုပ်များကို တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)