သတင်းများ

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ် ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူ များအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးကျင်းပသည့် ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်
Dec 25,2023
မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးက ကြီးမှူးကျင်းပသော ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရား လွှတ်တော်ရှေ့နေများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့်ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ
Dec 25,2023
မြန်မာတို့သည် ရိုးရာယဉ်ကျေးမှုဟုခေါ်သော မိမိတို့၏ယဉ်ကျေးမှုဓလေ့စရိုက်များကို အစဉ်ထိန်းသိမ်းကြသည့် လူမျိုးများဖြစ်ကြပြီး၊ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြသည့်အားလျှော်စွာ တိုင်းတစ်ပါးယဉ်ကျေးမှုများကို အထင်မကြီးဘဲ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုများကိုသာ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လာကြသောသူများ ဖြစ်ပေသည်။
ရန်ကုန်တက္ကသိုလ်၌ ၁၉၈၅ ခုနှစ် ဥပဒေဘွဲ့ရ ကျောင်းသား/ကျောင်းသူများ၏ အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ
Dec 25,2023
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဝိဇ္ဇာခန်းမ၌ ယမန်နေ့ နံနက်ပိုင်း အချိန်က ၁၉၈၅ ခုနှစ် ဥပဒေဘွဲ့ရ ကျောင်းသား/ကျောင်းသူများ၏ အာစရိယ ပူဇော်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ၁၉၈၅ ခုနှစ် ဥပဒေဘွဲ့ရ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်
Dec 25,2023
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ ကျင်းပပြုလုပ်သည့် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Dec 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေနံ့သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) စာသင်ဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်ပညာရေးမှူး ဦးသန်းဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်၌ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 25,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာရှိ မိုးကုတ်ဝိပဿနာဘုန်းကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 25,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းအသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၄-၁၂-၂၀၂၃ရက်နေ့မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ၊ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။