ပြည်တက္ကသိုလ် (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Dec 24,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင်ပညာဦးစီးဌာန ပြည်တက္ကသိုလ်၏ (၂၁)ကြိမ်မြောက် နေ့သင်တန်းဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်တန်းရေးရာဌာနမှူး၊ စီမံ/ဘဏ္ဍာဌာနမှူးနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက်သည်။