မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၅
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် Youth Club အသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကား ပြောကြားခဲ့ပြီး BOOK Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာ အောင်သင်း ရေးသားသည့် “ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု” စာအုပ်ထဲမှ ခေတ်သစ်ကမ္ဘာကြီးအတွက် ခေတ်သစ်ပညာရေး လိုအပ်နေပြီဖြစ် ကြောင်း၊ လူငယ်တွေကို ခေတ်နဲ့အပြိုင် လူ့အဖွဲ့အစည်းမှာနေပြီး ခေတ်ပြိုင်ပြသနာများကို ရင်ဆိုင်နိုင်အောင် အသင့်ပြင်ပေးထားရမှာဖြစ် ကြောင်းနှင့် ဗြဟ္မစိုရ်ပညာရေးအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မမေမြတ်ဇွန်က “ဗြဟ္မစိုရ်ပညာရေး” မှ ဆင်ခြင်ဥာဏ် ရှိသူများအဖို့ အေသင်နိုင်ငံငယ်ကလေးသည် စိတ်ဝင်စားစရာ နိုင်ငံကြီးတစ်ခု ဖြစ်နေရခြင်းမှာ ပြည်သူတို့၏ ယဉ်ကျေးမှုခမ်းနားစွာ ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)