မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်းစျေးဝယ် ပြည်သူများအား လက်ကမ်းစာစောင် ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူ များအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလတ်စတစ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအား ညစ်ညမ်း‌စေခြင်း၊ သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလတ်စတစ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်၊ အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိနှင့် ဝန်ထမ်းများ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)