သတင်းများ

‌ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade – 5 မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ရိုးသစ် (Grade – 5) မြို့နယ်အဆင့် သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ဒီဇင်ဘာ အားလပ်ရက်တွင် လွိုင်လင်တောင်တက်ရောက်သူ များပြား
Dec 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ လွိုင်လင်တောင်သို့ တက်ရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ
Dec 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ဦးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန် ကျောင်းဝင်၌ ခရစ္စမတ်နေ့ ဝတ်ပြု ဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သီတဂူဆရာတော် ဦးဆောင်သည့် သီတဂူ နယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား ဒုတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး
Dec 25,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါန ဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင် ဒုတိယအကြိမ်အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။
ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲနှင့်မိတ်ဆုံစားပွဲများ ကျင်းပ
Dec 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့်ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈နာရီက စျေး(၂)ရပ်ကွက်၊ တာပွန်လမ်းရှိ နှစ်ခြင်းအသင်းတော် မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝင်းအတွင်း အောက်မေ့ဘွယ်ခန်းမဆောင်တွင် ကျင်းပြုလုပ်သည်။
ပခုက္ကူမြို့၌ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား ရွှေချောင်းရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှု ၄၅ရာခိုင်နှုန်းကျော် ပြီးစီး
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဂေါက်ကွင်းမြေနှင့်သာသနာ့ဗိမာန်မြေတို့အား နှစ်စဉ်မိုးရာသီကာလများအတွင်း ရေကြီးရေလျှံမှုများနှင့်ရေတိုက်စားမှုဒဏ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကွန်ကရစ်ပိုင်အခြေပြု ကျောက်စီမြေထိန်းတံမံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၅ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးလျက်ရှိ
Dec 25,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးလျက်ရှိကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများထံက သိရသည်။
စလင်းမြို့နယ် သာစည်ကျေးရွာရှိ ကျေးလက်နေပြည်သူများ ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်းကို သာစည်ကျေးရွာ ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။