သတင်းများ

ငဖဲမြို့နယ်၌ (၃၆)ကြိမ်မြောက် နာရီ(၁၂၀) အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ပြည်သူအများဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် နှစ်စဉ်ကျင်းပပူဇော်ရွတ်ဖတ်မြဲဖြစ်သော (၃၆)ကြိမ်မြောက် နာရီ ၁၂၀ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက်ဓာတ်တော်ဓမ္မာရုံ၌ ယမန်နေ့ ညနေ ၃ နာရီက စတင်ကျင်းပရာ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဓာတ်တော်ဓမ္မာရုံဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်များမှ ဝတ်အသင်းယောဂီများ တက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့ ရေပူစမ်းအပန်းဖြေစခန်းတွင် ရေပူချိုးအပန်းဖြေအနားယူသူများဖြင့် စည်ကား
Dec 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် ယခုရက်ပိုင်းအတွင်း ရေပူစိမ်သူ၊ ရေပူချိုးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် မိုင်းရင်ဒေသထွက် လိမ္မော်သီးများ လားရှိုးမြို့တွင် ရောင်းအားကောင်း
Dec 26,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊‌ နမ္မတူမြို့နယ်အနီးရှိ မိုင်းရင်ကျေးရွာဒေသထွက် လိမ္မော်သီးများ လားရှိုးမြို့တွင် ရောင်းအားကောင်းလျက်ရှိနေကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်သည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲ ကျင်းပ
Dec 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ ပဏ္ဍိတာရာမ ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတာနန္ဒ (မြတ်ဘုန်း-တပ်ကုန်း) အား ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပဏ္ဍိတာနန္ဒဆရာတော်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစာသင်တိုက်၊ ယာယီမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
(ခရစ္စမတ်နေ့)တွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကား
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ဒီဇင်ဘာလ(၂၅) ရက်နေ့၊ ခရစ္စမတ်နေ့၌  အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီး
Dec 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများဆောင်ရွက်
Dec 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သီရိရတနာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ်ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ မြို့ပေါ်ရှိ အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။