သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရေး နောင်တာလောရေလယ်ကျွန်းပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းအား ဒုတိယအကြိမ် ဖွင့်လှစ်ပေး
Dec 24,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေကိုအခြေခံသည့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသသစ်များကို စီမံဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နောင်တာလောကျေးရွာအုပ်စုပိုင် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်း(သဲသောင်ပြင်)ပေါ်တွင် သဲသောင်ပြင်ကမ်းခြေငယ် အပန်းဖြေစခန်းကို ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့သည်။
ပခုက္ကူမြို့၌ ဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး
Dec 24,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးအရောင်းဆိုင်များ၌ ပြည်သူများဝယ်ယူသုံးစွဲလျက်ရှိသော နေ့စဉ်သုံးဆေးနှင့်ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာရောင်းချနေမှုရှိ/မရှိအခြေအနေတို့ကို ယနေ့နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ရှောင်တခင်ကွင်းဆင်းစစ်ဆေးကြသည်။
ဘားအံမြို့၌ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Dec 24,2023
ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျောင်းသင်ခန်းစာများ သင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှု ပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ICT သင်ထောက်ကူအဖြစ် လက်တွေ့အသုံးပြုနည်းသင်တန်းကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒီဇင်ဘာလ(၂၂)ရက်နေ့မှစတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဆင်းပွဲကျင်းပ
Dec 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့်ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသိပညာပေးသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပင်စုံကျေးရွာအုပ်စု၊ ထီတမောင်းကျေးရွာဓမ္မာရုံတွင်ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်
Dec 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူပေါင်းဖွင့်လှစ်သည့် အခြေခံစာတတ်မြောက်ရေးသင်တန်းကို ယမန်နေ့ညနေပိုင်းက အောင်‌ဇမ္ဗူရပ်ကွက်ရှိ မဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
၂၀၂၃-၂၀၂၄. ပညာသင်နှစ်၊အခြေခံပညာမူလ တန်းGrade-5 ပြီး​မြောက်ခြင်းဆိုင်ရာစာမေးပွဲ မြို့နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Dec 24,2023
မွန်ပြည်နယ်၊  ကျိူက်မရော မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  အခြေခံပညာမူလတန်း(Grade-5 )ပြီးမြောက်ခြင်းဆိုင်ရာ စာမေးပွဲမြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ အ.ထ.ကကျိုက်မရော (ပညာအားမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Dec 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အခြေခံစာတတ်မြောက်ရေးသင်တန်း စတင်ဖွင့်လှစ်သင်ကြား
Dec 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့်  မြောင်းမြမြို့နယ် အခြေခံစာတတ်မြောက် ရေးသင်တန်းကို ယနေ့နံနက် ၇ နာရီအချိန်က စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။