သတင်းများ

၁၉၆၈ခုနှစ်မှ ၁၉၇၂ခုနှစ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီးဆရာမကြီးများ ပူဇော်ကန်တော့ပွဲနှင့်ကျောင်းသားကျောင်းသူများ တွေ့ဆုံပွဲကျင်းပ
Dec 25,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အ.ထ.ကတွင် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ခုနှစ်ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးဦးတင်မြင့်နှင့် အထက်တန်း(ပြ)ဆရာမကြီးဖြစ်ကြသော ဆရာမကြီးဒေါ်စောမြတင်၊ ဆရာမကြီးဒေါ်နုနုနှင့် ဆရာမကြီးဒေါ်ခင်ခင်တို့အား ကျောင်းသား၊ ကျောင်းသူများမှ ပူဇော်ကန်တော့ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀နာရီက (အ.ထ.က)ကျောင်းဟောင်းနေရာဖြစ်သော ပြည်တော်သာ(အ.မ.ကမူလွန်)ကျောင်း စိန်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေး၌ (၈၃)ကြိမ်မြောက် ရွှေကျင်နိကာယဂိုဏ်းလုံးဆိုင်ရာ ဝိနယဓရစာတော်ပြန်ပွဲ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပ
Dec 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်(၈၃)ကြိမ်မြောက် ရွှေကျင်နိကာယဂိုဏ်းလုံးဆိုင်ရာ ဝိနယဓရစာတော်ပြန်ပွဲတွင် ဝင်ရောက်ဖြေဆိုကြသော သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၁၃၈၅ ခုနှစ် နတ်တော်လဆန်း ၁၃ ရက် ယနေ့နံနက်ပိုင်း၌ တွံတေးမြို့ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်လုံးဆိုင်ရာ မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကျင်းပ
Dec 25,2023
သန်လျင်ခရိုင် သန်လျင်မြို့နယ်လုံးဆိုင်ရာ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် သန်လျင်မြို့ ကျက်သရေဆောင် မဟာအတုလသဒ္ဓမ္မံရံသီသာသနာ့ဗိမ္မာန်တော်၌ ကျင်းပသည်။
ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃) ဖွင့်ပွဲ ကျင်းပ
Dec 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီက လွိုင်မွေတောင်စခန်းမြို့၊ စတုရဋ္ဌသုမင်္ဂလစေတီအနီး ချယ်ရီပင်တန်းတွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာအစားအစာပြပွဲ (၂၀၂၃) မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပုပ္ပားတောင်မကြီး၏ ဒီဇင်ဘာတောင်တက်ပွဲ ပါဝင်တက်ရောက်သူများပြား
Dec 25,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်အကွာတွင် တည်ရှိသော ကမ္ဘာကျော်မီးငြိမ်းတောင် တစ်လုံးဖြစ်သည့် ပုပ္ပားတောင်မကြီး ၏ ဒီဇင်ဘာတောင်တက်ပွဲသို့ ပါဝင်တက်ရောက်သူ များပြားစွာ တက်ရောက်ခဲ့ ကြောင်း ပုပ္ပား ဒေသခံများထံမှ သိရသည်။
ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု
Dec 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ချောင်းစောက်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အထိ စီမံကိန်းစက်ဝန်း ၁၀ ကြိမ် မြောက် လည်ပတ်လျက်ရှိရာ စိုက်ပျိုးရေး ၁၄၁ ဦး၊ မွေးမြူရေး ၃၅ ဦး၊ အသက်မွေးဝမ်းကျောင်း ၄၀ ဦး စုစုပေါင်း ၂၁၆ ဦးအား ငွေကျပ် ၄၅.၃၀ ကျပ်သန်း ထုတ်ချေးထားပြီးဖြစ်သည်။ ချောင်းစောက်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ၃ နှစ်ပြည့်ပြီးဖြစ်သောကြောင့် စီမံကိန်းလုပ်ငန်းအဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းခြင်းအား ကျောက်တန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ရီရီခိုင်နှင့် စီမံကိန်းဝန်ထမ်းများမှ ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကျေးရွာသူ/ကျေးရွာသားများ၏ သဘောဆန္ဒနှင့် အညီ ချောင်းစောက် ကျေးရွာမြစိမ်း ရောင်ကျေးရွာစီမံကိန်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ခဲ့သည်။
အနောက်ငါးဆူကျေးရွာတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းကြောင့် ကျေးရွာလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်
Dec 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ အနောက်ငါးဆူကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းကြောင့်  ကျေးရွာလူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း သိရသည်။
ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်၌ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ခရီးသွားဧည့်သည်များဖြင့်စည်ကား
Dec 25,2023
ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ သမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက် အအုံများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိ ကြောင်း လောကနန္ဒာ စွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။