ဟိုပုံး ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ဦးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန် ကျောင်းဝင်၌ ခရစ္စမတ်နေ့ ဝတ်ပြု ဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ဝတ်ပြုဆုတောင်းခြင်းများပြုရာတွင် ဟိုပုံးမြို့ တပည့်တော်မိသားစုမှ သင်းအုပ်ဆရာက ဦးဆောင်၍ ဟိုပုံးမြို့ရှိ အသင်းတော် မိသားစုများနှင့် အတူ ပဏာမကျမ်းစာဖတ်ကြားခြင်း၊ လူငယ်ဂုဏ်ပြုတေးသီချင်းများ သီဆိုကြခြင်း၊ တရားဒေသနာတော်ဖတ်ကြားခြင်း၊ ဓမ္မဒေ သနာတော်များဖတ်ကြားခြင်း၊ မေတ္တာပို့ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းများ စုပေါင်းသီဆိုကြခြင်း၊ ခရစ်ယာန်တော်အား ကျေးဇူးတော်ချီးမွမ်းကြ ခြင်းနှင့် ကောင်းချီးမင်္ဂလာပေးဆုတောင်း ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် ဇနီး ဒေါ်မေရီရွှေ၊ အရာရှိကြီးများနှင့် ဇနီးများ၊ ခရစ်ယာန် ဘာသာဝင် အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုဝင်များနှင့် သင်တန်းသားများတက် ရောက်ခဲ့ကြောင်း သိရ သည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)