သတင်းများ

ကျိုက်မရော၌ ကြက်ဟင်းခါးသီးများ အထွက်ကောင်းပြီးစျေးကောင်းရသဖြင့် စိုက်ပျိုးသူများအဆင်ပြေ
Nov 13,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် မိုးကြက်ဟင်းခါးသီးများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရရှိသဖြင့် စိုက်ပျိုးသူခြံပိုင်ရှင်များ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း ကြက်ဟင်းခါးစိုက်ပျိုးသူ ဦးဇော်လင်းထံမှသိရသည်။
ရန်ကင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Nov 13,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတပြည့်စုံစေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ"ကို ယနေ့နံနက် (၁၁) နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက် ထူးကြီးပရိယတ္တိစာသင်တိုက်တွင် စုပေါင်း မဟာဘုံကထိန် အလှူပွဲ ပြုလုပ်
Nov 13,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်နေပြည်သူများက စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲကို ယနေ့နံနက်ပိုင်းက ထူးကြီးပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
ဖြူးမြို့နယ်ရှိ အခြေခံပညာကျောင်း (၂)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြော
Nov 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် လူငယ့်အားမာန် အခြေခံပညာအလယ်တန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်ကစတင်ကာ ကျောင်းသား/ကျောင်းသူ လူငယ်များအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲ၊ ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဖွင့်ပွဲ တက်ရောက်
Nov 13,2023
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာထမ်းများနှင့်သက်ဆိုင်သော ဥပဒေရေးရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဌာနအသီးသီးမှဝန်ထမ်းများ တက်ရောက်ကြသည်။
ရွှေကျင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ
Nov 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(တောင်ဘက်-၂)တွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Nov 13,2023
မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျောက်ချွန်ကျေးရွာရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းမှ စ၍ ရောင်းချပေးခဲ့သည်။
လှိုင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ခရီးသွားလုပ်သားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစေရန်ရည်ရွယ်၍ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။