စလင်း ဒီဇင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု သာစည်ကျေးရွာတွင် ထန်းပင်မြစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြောင်းကို သာစည်ကျေးရွာ ထန်းပင်မြစ်စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စုရှိ ကျေးလက်နေပြည်သူအများသုသည် တောင်သူအလုပ်ကို အများဆုံးလုပ်ကိုင်ကြပြီး စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများကို စိုက်ပျိုးကြသည်။ တောင်သူအနည်းငယ်မျှသာ မိမိတို့ထန်းတောများနှင့် အနီးအနားရှိ ထန်းသီးများကို စုဆောင်မှာယူ ဝယ်၍လည်းကောင်း မိမိတို့လယ်မြေနေရာလွတ်များနှင့် မိမိတို့အိမ်ဝန်းအတွင်းများတို့တွင် စိုက်ပျိုးကြသည်။ ထန်းသီးများကို ထန်းသီးမှည့်ချိန်များဖြစ်သည့် ဝါဆိုလတွင် ထန်းသီးများစုဆောင်းကာ ထန်းစေ့များကို တစ်စေ့ချင်းစီ အလုံးများမှ ဖယ်ထုတ်၍ထာပြီး မြေကျင်းများ တူးဖော်၍ စုဆောင်းထားရှိသည့် ထန်းသီးဆံအစေ့များအား မြေကျင်းများထဲသို့မထည့်မှီ မြေကျင်းများထဲသို့ အိမ်သုံးဆားတစ်ပိသာ၊ နှစ်ပိသာထည့်ကာ ထန်းစေ့များကို ကျင်းထဲထည့်ကာ မြေဖို့ကြရသည်။ ထန်းပင်မြစ်ဖြစ်ရန် ဆောင်ရွက်သည့် မြေများသည် လယ်ယာလုပ်သည့် မြေဖြစ်သည့်အတွက် မြေစေးမြေဖြစ်၍ ထန်ပင်မြစ်များမဖြစ်ထွန်းမှီ အစေ့များစိုက်ပျိုးထားသည့် မြေပေါ်မှ ရေလောင်းစိုက်ပျိုးရကြောင်း ထန်းပင်မြစ်များပေါ်ချိန်တွင် အချောင်း(၂၀)ပါတစ်စည်းကို ၇၀၀မှ ခေါင်စည်းများကို (၁၂၀၀)ကျပ်အထိ ရောင်းချရသည်။ စလင်းမြို့နယ်မှ ထွက်ရှိသည့် ထန်းပင်မြစ်များသည် လယ်မြေရွှံ့စေးမြေဖြစ်သည့်အတွက် အလွန်စားလို့ကောင်း၍ စလင်းမြို့ပေါ်နှင့်နယ်နမိတ်ချင်းထိစပ်မြို့များနှင့် မန္တလေး၊ ရန်ကုန်မြို့ကြီးများအထိ ကားများဖြင့် ပို့ဆောင်ကြရ၍ မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းကို သာစည်ကျေးရွာ ထန်းပင်မြစ်စိုက် တောင်သူများထံမှ သိရသည်။
(မောင်လွင်)စလင်း