ပုဗ္ဗသီရိ နိုဝင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်နေပြည်သူများက စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲကို ယနေ့နံနက်ပိုင်းက ထူးကြီးပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် နဝဒေးရပ်ကွက်မှ ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ မဟာဘုံကထိန် အလှူပွဲကျင်းပရာ အလှူငွေကျပ် ၁၉၀၆၀၀၀/- ၊ ပစ္စည်းတန်ဖိုး ငွေကျပ်၂၀၈၈၉၀၀/-စုစုပေါင်း ငွေကျပ်၃၉၉၄၉၀၀/-အား လှူဒါန်း၍ ထူးကြီးပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဦးသီလာနန္ဒ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်ထံမှ ကထိန် အနုမောဒနာ တရားများ နာကြား၍ ရေစက်သွန်းချ အမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)