သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ဆီဆိုင်မြို့နယ် လွယ်မွန်းကျေးရွာ (၂၄)နာရီ လျှပ်စစ်မီးဖွင့်ပွဲသို့တက်ရောက်
Oct 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁/၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့်တည်ဆောက်ခဲ့သော လွယ်မွန်းကျေးရွာ (၂၄)နာရီ လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘန်းယဉ်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာတွင် ကျင်းပသည်။
ဟုမ္မလင်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်
Oct 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲ ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစိုက်ပျိုးသည့် မိုးပါးစံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာ၊ တောင်သူ ဦးစိုင်းဆိုင်ကျောက် ၏ ကွင်းအမှတ် ၈၁ ရှိ ဦးပိုင်အမှတ် ၃.၁၇ ဧက စံပြစိုက်ကွင်းတွင်ကျင်းပရာ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမင်းသန့်ထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်‌ရေးမှူး ဦးဝင်းလှိုင်၊ ကျိုင်းတုံခရိုင်/မြို့နယ် စိုက်ပျိုးကြီးကြပ်မှုကော်မတီဝင်များနှင့် တောင်သူများ တက်‌ရောက်ကြသည်။
စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ
Oct 25,2023
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းတွင် ပင်စင်လစာများကို ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ကျောင်းနေပြင်ပ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိအား Second Booster Dose ထိုးနှံသွားမည်
Oct 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံထားသည့် ကျောင်းနေပြင်ပ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ စုစုပေါင်း ၂၀၀ အား အောက်တိုဘာ ၂၆ ရက်မှစတင်၍ Second Booster Dose ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ပူတာအိုမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 25,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ မုဒုံကျေးရွာ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေးဆောင်ရွက်မည့် စီမံကိန်းတွင် ပါဝင်သည့် စက်ချုပ်နည်းပညာသင်တန်း ဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လားရှိုးမြို့တိုးချဲ့ရေပေးဝေရေးလုပ်ငန်းနှင့် လက်ရှိ မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ဦးစွာ စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ရေး အခမ်းအနားကျင်းပ
Oct 25,2023
ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန၊ လားရှိုးမြို့ တိုးချဲ့ရေပေးဝေရေးလုပ်ငန်းနှင့် လက်ရှိ မြို့ရေပေးရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်းအတွက် ဦးစွာစိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) စိစစ်ရွေးချယ်ရေးအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က လားရှိုးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတွင် ရှင်သာမဏေများ စာပြန်ပွဲပြုလုပ်
Oct 25,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ မြို့မဂိုဏ်းချုပ်ကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စာသင်သာမဏေများ စာပြန်ပွဲပြုလုပ်ကြောင်း သိရသည်။