သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး အားကစားနှင့် ကာယပညာ သိပ္ပံ (မုံရွာ)၌ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအခမ်းအနားသို့တက်ရောက်
Oct 25,2023
ပြန်ကြား‌ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) တို့ ပူးပေါင်းပြီး လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတများ တိုးပွားရရှိနိုင်စေရေး၊ အသိပညာများ မျှဝေပေး နိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး ကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယ‌နေ့ နံနက်(၉)နာရီခွဲအချိန်က အားကစားနှင့်ကာယပညာ သိပ္ပံ(မုံရွာ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အင်္ဂလိပ်စာစွမ်းရည်မြှင့်မားရေးအတွက် အင်္ဂလိပ်စာ စာစီစာကုံး  စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်
မိုးညှင်းဒေသမှထွက်ရှိသည့် ငါးပေါက်သီးမှတစ်ဆင့် ငါးပေါက်ယိုလုပ်ငန်းများအကြောင်း သိကောင်းစရာ
Oct 25,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများကို မိုးညှင်းခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မြို့နယ်အဆင့် အခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 25,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြို့နယ်အဆင့် အ​​ခြေခံပညာမူလတန်း၊ အလယ်တန်းဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီက မာန်အောင်မြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (တတိယနေ့)ဆက်လက် သင်ကြားပေး
Oct 25,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်များကိုအားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြင့်တင်ရေးဆိုသည့်အချက်နှင့်အညီ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၈) နာရီအချိန်က(တတိယနေ့) ဆက်လက်သင်ကြားပေးခဲ့သည်။
ကျိုက်လတ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ အသိပညာပေး
Oct 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းကို ယမန်နေ့ ညပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်(ဒုတိယအကြိမ်) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။