သတင်းများ

ဆင်ပေါင်ဝဲမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ် သိကောင်းစရာများ အသိပညာပေးပိုစတားများအား မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ် သိကောင်းစရာများ အသိပညာပေးပိုစတားများအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။   
ကျိုက်မရော၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး ညှိနှိုင်းဆွေးနွေး
Dec 26,2023
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိုနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေ
Dec 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများစပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များနှင့် မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်များ သက်သာစေရန်အတွက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးလုပ်ငန်းများကို ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာ(၂၆)ရက်နေ့ နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Seeder) ဖြင့် နွေစပါးလက်တွေ့စိုက်ပျိုးပြသကာ တောင်သူအသိပညာပေးခြင်းလုပ်ငန်းကို စက်မှုလယ်ယာစနစ်ကျလယ်ယာမြေဧကအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ရေပေါ်သောင်ကျေးရွာ၊ ရေပေါ်သောင်ကွင်းတွင် ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်တွင် ဆည်မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ မိုးစပါး(ပေါ်ဆန်းမွှေး) စံကွက်ရိတ်သိမ်းခြင်းနှင့် ပျားမွေးမြူရေးဆောင်ရွက်ထားရှိမှုတို့အား လာရောက်ကြည့်ရှုစစ်ဆေး
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က လပွတ္တာ(ရှမ်းစု) - ကျုံမငေး - ဝါးခယ်မ  မော်တော်ယာဉ်လမ်း မိုင်တိုင်အမှတ် (၂၈/၇)နှင့် (၃၀/၇)အကြား လမ်းဘေး(ယာ)မြောင်း ပြန်လည်တူးဖေါ်ခြင်း လုပ်ငန်း (အရှည် ၁၀၀၀၀ ပေ၊ ထိပ်ဝအကျယ် ၂၀ ပေ၊ အောက်ခြေ အကျယ် ၆ ပေ၊ အမြင့် ၇ ပေ၊ တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၆.၁၅၀ သန်း)ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး ဦးအေးဟန်တို့ကလုပ်ငန်း‌ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်‌ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး
Dec 26,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောင်မှုလုပ်ငန်း များကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပြည်သူ့ဆေးရုံကြီး (၄)ထပ်လူနာဆောင်၊ သွားနှင့် ခံတွင်း ကုသ ဆောင်၌ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များက သွားရောက်ကုသိုလ်ပြုအားပေးခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်၌ ငရုပ်၊ ကြက်သွန်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ  ၃၈၃၅  ဧက စိုက်ပျိုးပြီးစီး
Dec 26,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ် ဆောင်းရာသီအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ  ၃၈၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုံပါကျင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် (၁၂)နာရီအချိန်က အမှတ်(၁)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စွမ်းအားမြှင့် မီးဖိုများအခမဲ့ဖြန့်ဝေ
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာလက်ဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူ လယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ် အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။