သတင်းများ

ဟိုင်းကြီးကျွန်းမြို့၌ ရေလုပ်သားလုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းဖွင့်လှစ်
Oct 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရေလုပ်သားများ လုပ်ငန်းခွင်အတွင်း အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် ရေလုပ်သားလုပ်ငန်းခွင် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ယနေ့နံနက်(၀၉း၀၀)နာရီ အချိန်တွင် မြို့ငါးလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Oct 25,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အယ်လ်နီညိုရာသီဉတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုလျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပေါင်းကလေးကျေးရွာအုပ်စု အောင်ပင်လယ်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် အဖိုး/အဖွားများကို အခမဲ့ စမ်းသပ် ဆေးကုသပေး
Oct 25,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်နို င်ငံ့ဝန်ထမ်း(အငြိမ်းစား)များနှင့် အဖိုး/အဖွားများ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ငပုတောမြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက် ဆန်နှင့် စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ယင်းမာလမ်း၌ ရောင်းချပေးခဲ့သည်။
ငပုတောမြို့နယ်တွင်ပြည်သူများစားဝတ်နေရေး အဆင်ပြေချော မွေ့စေရေးအတွက်ဆန်နှင့် စားသုံးဆီများကိုသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 25,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့်ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀နာရီခွဲအချိန်ခန့်က ငပုတောမြို့၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ယင်းမာလမ်း၌ ရောင်းချပေးခဲ့သည်။
ပင်းတယမြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် မီးပုံးပြုလုပ်ရောင်းချသူများ အပိုဝင်ငွေရရှိ
Oct 25,2023
ပင်းတယမြို့နယ်သည်  ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ရှိ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ပင်းတယမြို့နယ်တွင် ဓနုလူမျိုးအများစု နေထိုင်ကြပြီး၊ ပအိုဝ်း၊ ပလောင်၊ ကရင်၊ ရှမ်း၊ မွန် နှင့်ဗမာ စသည်တို့နေထိုင်ကြပြီး အိမ်တွင်းမှု ရိုးရာလက်မှုလုပ်ငန်းများဖြစ်သည့် ထီး၊ ခမောက်၊ လွယ်အိပ်၊ ရှမ်းစက္ကူ၊ မီးပုံး စသဖြင့် လုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။
တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၃) ကျင်းပ
Oct 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၀/၂၀၂၃)ကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
ကန့်ဘလူ၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး
Oct 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းပြီး ယနေ့ နံနက် ၇ နာရီက စည်ပင် သာယာခန်းမ၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။