လှိုင်းဘွဲ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင် အလှူရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒိသာများ ကျွေးမွေးဧည့်ခံကြရာ ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့(ခ)ရပ်ကွက် ကုန်သည်လမ်းမကြီးဘေး၌ ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရသည်။
အဆိုပါ စတုဒိသာ ကျွေးမွေးခြင်းကို လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ကုန်သည်လမ်းနေ ဦးစောအဒူး မိသားစုတို့က စေတနာထား၍ လှူဒါန်းထားတာဖြစ်ပြီး လှိုင်းဘွဲမြို့ လူငယ်အဖွဲ့မှ ဦးဆောင်၍ စတုဒိသာကို ထမင်း၊ သစ်သီးစုံပဲကုလားဟင်း၊ ငါးခြောက်ကြော်၊ ခရမ်းချဉ်သီးငါးပိကြော်၊ တို့စရာ အမယ်မျိုးစုံနှင့် ရေခဲမှုန့်တို့ကို နေ့လယ်(၃)နာရီအချိန်မှ စတင်ကာ ညနေ(၇)နာရီ အချိန်အထိ ကျွေးမွေးဧည့်ခံခဲ့ကာ ပြည်သူများက စည်ကားသိုက်မြိုက်စွာ လာရောက်စားသုံးခဲ့ကြကြောင်း သိရသည်။
စောဖိုးခွါး (ပြန်/ဆက်)