(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း  ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းသည် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ ပျော်ပျာ်ရွှင်ရွှင်ဖြင့် ရင်းနှီးမှုရရှိစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံခိုင်ရေးကို အထောက်အကူ ပြုစေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပေးခြင်းဖြစ်ပြီး အားကစားသမားအနေဖြင့် စည်းကမ်းရှိရှိ စနစ်တကျယှဉ်ပြိုင်ကြရန်နှင့် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်ကို ရွတ်ဆိုခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ဝါးလုံးတန်း‌ပေါ်လမ်း‌လျှောက် ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)