စလင်းမြို့နယ်တွင် ခရမ်းချဥ်သီး၊ ကြက်သွန်၊ အာလူး၊ စားဖိုချောင်သုံးသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်၍ မိသားစုအပိုဝင်ငွေရရှိ

စလင်း  ဒီဇင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်း မြောက်ရှားတောကျေးရွာအုပ်စုရှိ တောင်သူအများစုသည် လယ်ယာလုပ်ငန်းများကို အများဆုံးလုပ်ကိုင်ကြ၍ စားဖိုချောင်သီးနှံမျိုးစုံတို့ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ ခရမ်းချဥ်သီး(DD.1)မျိုး၊ ကြက်သွန်၊ အာလူး၊ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း စားဖိုချောင်သီးနှံစိုက်ပျိုးတောင်သူဒေါ်ဝင်းထံမှ သိရှိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မြောက်ရှားတောကျေးရွာအုပ်စု စားဖိုချောင်သီးနှံစိုက်တောင်သူ ဒေါ်ဝင်း စိုက်ပျိုးသည့် ခရမ်းချဥ်သီးမျိုး(DD.1)မျိုးနှင့်ကြက်သွန်၊ အာလူးများကို စိုက်ပျိုးထားရှိရာ ခရမ်းချဥ်သီးစိုက်ပျိုးရက် တန်ဆောင်မုန်းလ္ဆန်း(၅)ရက်နေ့မှ စတင်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးပြီး (၂၂)ရက်အကြာမှာ ခရမ်းချဥ်ပင်များ အဖူးအပွင့်ကလေးများ ထွက်ရှိလာကြောင်းနှင့် ခရမ်းချဥ်သီးပင်များကို စတင်စိုက်ပျိုးရန်အတွက် မြေသားများကို ထယ်ရေးညက်အောင် ထွန်ယက်ကာ ဘောင်တင်ခြင်း မြောင်းဖော်ခြင်းများ ပြုလုပ်ကာ စိုက်ပျိုးရသည့် မိသားစုကိုယ်တိုင် လုပ်ကိုင်ကြခြင်းဖြစ်ပြီး အလုပ်သမားငှားမည်ဆိုပါက တစ်မနက်ကို ၂၅၀၀ကျပ် တစ်နေ့ကို ၅၀၀၀ကျပ်ဖြင့် ငှားရမ်းလုပ်ကိုင်ကြရမည်ဖြစ်၍ မိသားစုကိုယ်တိုင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်ကြသည့်အတွက် ကုန်ကျစရိတ်နည်းပါးခြင်းကြောင့် ခရမ်းချဥ်သီးပင်များကို စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ယာမြေများအတွင်း မိသားစုစားသုံးရန်နှင့် ပိုလျှံသောသီးနှံများကို စိုက်ပျိုးလုပ်ကိုင်ရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်းဖြင့် မိမိတို့ယာမြေအတွင်း ကိုယ်ပိုင်ရေတွင်းတူးထားခြင်းဖြင့် ရေတင်ပြီး ရာသီအချိန်အခါမရွေး စိုက်ပျိုးနိုင်ကြောင်း စတင်စိုက်ပျိုးသည့်နေ့ရက်မှ ယနေ့အထိ ခရမ်းချဥ်သီးကလေးများ လှိုင်လှိုင်သီး၍ အထွက်နှုန်းကောင်းမည်ဆိုပါက မိသားစုစားဝတ်နေရေးကို တဖက်တစ်လမ်းက အထောက်အကူဖြစ်စေပြီး ပိုလျှံသည့်ရမ်းချဥ်သီးများကို ရောင်းချရသည့်အတွက် မိသားစုဝင်ငွေတိုးပွားပြီး ယခုအခါ ခရမ်းချဥ်သီးတစ်ပိသာလျင် ၁၂၀၀ကျပ် ၁၀၀၀ကျပ်ဝယ်ယူရကြောင်း သိရှိရ၍ စိုက်ပျိုးသည့် တောင်သူများအဖို့ စျေးကွက်ဝင်ပြီး ဝင်ငွေတိုးအဆင်ပြေမည်ဖြစ်ကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူဒေါ်ဝင်းထံမှ သိရှိရသည်။

(မောင်လွင်)စလင်း