သတင်းများ

ကျွန်းလှမြို့နယ်၌ စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီး
Dec 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများဆောင်ရွက်
Dec 25,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သီရိရတနာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ်ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Dec 25,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ မြို့ပေါ်ရှိ အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
‌ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade – 5 မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
Dec 25,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သင်ရိုးသစ် (Grade – 5) မြို့နယ်အဆင့် သင်တန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင်ကာ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။
ဒီဇင်ဘာ အားလပ်ရက်တွင် လွိုင်လင်တောင်တက်ရောက်သူ များပြား
Dec 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ရှိ လွိုင်လင်တောင်သို့ တက်ရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ ခရစ္စမတ်နေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ
Dec 25,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ဦးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန် ကျောင်းဝင်၌ ခရစ္စမတ်နေ့ ဝတ်ပြု ဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
သီတဂူဆရာတော် ဦးဆောင်သည့် သီတဂူ နယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၏ မျက်စိရောဂါဝေဒနာများအား ဒုတိယအကြိမ် အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး
Dec 25,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါန ဆေးရုံတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော် ဦးဆောင်သည့် သီတဂူနယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများ၏ မျက်စိရောဂါဝေဒနာရှင်များအား ယနေ့တွင် ဒုတိယအကြိမ်အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။
ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲနှင့်မိတ်ဆုံစားပွဲများ ကျင်းပ
Dec 25,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့်ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက် ၈နာရီက စျေး(၂)ရပ်ကွက်၊ တာပွန်လမ်းရှိ နှစ်ခြင်းအသင်းတော် မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝင်းအတွင်း အောက်မေ့ဘွယ်ခန်းမဆောင်တွင် ကျင်းပြုလုပ်သည်။