သတင်းများ

တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အ-ထ-က (၁) ၌ ကျင်းပ
Jan 08,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကြံခင်းမြို့တွင် မဟာဇိနဃရစေတီတော်ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင်လှူ ရေစက်ချအလှူတော်မင်္ဂလာပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မဟာဇိဃရစေတီတော်မြတ် ရွှေသင်္ကန်းဆက်ကပ်လှူခြင်းနှင့် စတီးရွှေထီးတော်တင် လှူရေစက်ချအလှူတော် မင်္ဂလာပွဲကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်အေးဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
မုဒုံမြို့အ.ထ.က (၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 08,2024
မွန်ပြည်နယ် မုဒုံမြို့နယ်အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရှင်အရဟံခန်းမ၌ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ တတ်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဇမ္ဗူသီရိမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာနှင့် မဟာဝိဇိတာရုံစာသင်တိုက်များသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ လှူဒါန်း
Jan 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မဟာစည်သာသနာ့ရိပ်သာ၌ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ  လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက  ကျင်းပသည်။
ကျုံပျော်တွင် သာကူစေ့ဂိုဒေါင် မီးလောင်မှုဖြစ်ပွား
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက်၊ ခဲဘောင်လမ်းရှိ ထွန်းမေတ္တာ သာကူစေ့စက်ရုံ ဂိုဒေါင်တွင် ဇန်နဝါရီလ ၈ ရက် နံနက် ၁၅ နာရီ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ မီးသတ်စခန်းသို့ ၁၇ နာရီအချိန်တွင် သတင်းပေးပို့သဖြင့် ကျုံပျော်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်
Jan 08,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် မီးသတ်စခန်း၌ မီးဘေးအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြန်အောင်ခရိုင်အတွင်း ဆောင်းနေကြာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းသီးနှံနေကြာ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နေကြာစိုက်ပျိုးရေးပညာရှင်များ (ရုံးချုပ်) မှ ခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် နေကြာစိုက်တောင်သူများသို့ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Jan 08,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းတွင် ကျင်းပခဲ့​သည်။