သတင်းများ

ရေနံချောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီအသစ်များ ဈေးကောင်းရနေသောကြောင့် တောင်သူများအဆင်ပြေ
Jan 09,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီများ အသစ်ဝင်ရောက်နေပြီး ဈေးကောင်းရနေကြောင်း တောင်သူများထံက သိရသည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 09,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည်စုံစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို  ယနေ့နံနက် ၉နာရီက ဆင်ချည်တိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ခရိုင်/မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 09,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသသင်နှစ် ခရိုင်/မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ အမှတ်(၃)ရပ်ကွက်အတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီက အမှတ်(၃)ရပ်ကွက်အတွင်းသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
စားဖိုဆောင်ဆောင်းသီးနှံ မုံညင်း ထိုင်၀မ်၊ ကိုရီးယားကိုက်လန် သီးနံနှစ်မျိုးစိုက်ပျိုးထား၍ မိသားစုမီးဖိုချောင်အတွက် အထောက်အပံ့ဖြစ်
Jan 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် ရေဦးကုန်းကျေးရွာတွင် ဆောင်းသီးနံမုံညင်း ထိုင်၀မ်၊ ကိုရီးယားကိုက်လန် သီးနှံပင်နှစ်မျိုးစိုက်ပျိုးဖြစ်ထွန်း၍ မိသားစုမီးချောင်အတွက် အထောက်အပံ့ရရှိလျက်ရှိသည်။
ချဉ်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်) သင်တန်းဆင်း
Jan 09,2024
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ဘားအံမြို့၏ ၂၀၂၃ ပညာသင်နှစ်ချဉ်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း(၆)လသင်တန်း (ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာ‌‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်
Jan 09,2024
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ၍ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊  စာအုပ်စာ‌စောင်ပြပွဲနှင့်  နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က   လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jan 09,2024
၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်း၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။