သတင်းများ

ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ "ရေချိုချွေတာသုံးစွဲရေး" အသိပညာပေး Talk Show ဆောင်ရွက်
Nov 06,2023
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်း‌ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်း၍ "ရေချိုချွေတာသုံးစွဲရေး" အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Nov 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ပြိုင်ပွဲများကို နိုဝင်ဝင်ဘာ ၂ရက်နေမှ စတင်ပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ  စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
မိုးကောင်းမြို့၌ မွေးစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Nov 06,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၊ ကျောင်းအခြေပြု (အသက်၉နှစ်မှ ၁၂နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Nov 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျောင်းအခြေပြု (အသက် ၉ နှစ်မှ ၁၂နှစ်)အတွင်းရှိ ကျောင်းသူများအား (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်မှစ၍ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး မီးသတ်တပ်ဖွဲ့ဝင်များမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး အသိပညာပေး ဟောပြော
Nov 06,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက အရှေ့‌မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် ထ-ခွဲ(၂၉)သို့ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Nov 06,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဗဟုသုတရှာမှီးနိုင်စေရန်အတွက် မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ-ထ-ခွဲ(၂၉) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အမ်းမြို့‌၌ နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက်(Bio grap hic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 06,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးမှူး ဦးဇော်ဇော်ထွဋ်နှင့် မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းတို့ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အမ်းတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့မှ မိသားစုဝင်များ အား နိုင်ငံသားတစ်ဦးခြင်း၏ အချက်အလက် (Bio graphic)နှင့် ဇီဝဆိုင်ရာအချက် အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် အသက် (၁၀)နှစ်အထက် နိုင်ငံသားကတ်ပြားရှိသူများအား ကောက်ယူလျက်ရှိသည်။
လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်  ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Nov 06,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် အရောင် အသွေးများခြားသိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ဟောပြောပွဲနှင့် ပြိုင်ပွဲများကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။