သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံး ခန့်မှန်းခြေငွေစာရင်းများ စီစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေး တက်ရောက်
Jan 08,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများ စီစစ်ညှိနှိုင်းခြင်းဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှမ်းရွာသစ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအုပ်စုဘောလုံးပြိုင်ပွဲကျင်းပ
Jan 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်၊ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ်အားကစားသမား ကောင်း များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပညာရေးဌာနမှ ဦးဆောင်ကျင်းပသော၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအုပ်စု ဘောလုံးပြိုင်ပွဲကို ရှမ်းရွာသစ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိဘောလုံး အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်အောင်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လည် ၁ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
ကြံခင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပကြသည်။
ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးအား လိုက်လံစစ်ဆေး
Jan 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင်ရောင်းချနေသော ငရုတ်ဆီနှင့်အချဥ်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်း(ကျောက်တံခါး)ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် စည်ပင်သာယာစျေးအတွင်း  အသားငါးများအား စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပန်းခြံအတွင်း သာယာလှပစေရေး ဆောင်ရွက်
Jan 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့  စည်ပင်သာယာစျေးအတွင်း အသားငါးများအား  စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိသိရှိနိုင်ရန်နှင့် စလင်းစည်ပင်သာယာပန်းခြံအတွင်း   သာယာလှပစေရန် ဆောင်ရွက်ထားရှိမှု၊ စည်ပင်သာယာရေးဦးစီးဌာနမှ ခွင့်ပြုထားသည့် မြို့မစည်ပင်သာယာစျေးအတွင်း အသားငါးရောင်းချသည့် စျေးဆိုင်များအား ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းအ.ထ.က(သနပ်ပင်)ဇီဇဝါခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု‌ပေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။