သတင်းများ

အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးပေး
Jan 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခိုလမ်မြို့ရုံး (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Jan 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀အချိန်က “နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့​သည်။
သံဃနာယကနှင့်ဝိနည်းဓိုရ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းပွဲ သာပေါင်းမြို့နယ်၌ ကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းလက်မှတ်ချီးမြှင့်ခြင်းနှင့်သင်တန်းဆင်းပွဲကိုယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပကြသည်။
ကျောင်းကုန်းမြို့၌ "ဓမ္မကွန်ယက်ပေးသောလက်ကုသိုလ်တော်ဆေးခန်း" ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ် (၄) ရပ်ကွက်၊ ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက် ဓမ္မာရုံ၌ "ဓမ္မကွန်ယက်ပေးသောလက် ကုသိုလ်တော်ဆေးခန်း" ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၏ ဆောင်းရာသီအားကစားပွဲတော်နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် (၈)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် စတုတ္ထအကြိမ် မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သာပေါင်းမြို့နယ်၊ ရေကျနောက်စိုက် ပခန်းစပါးရိတ်သိမ်းပွဲနှင့်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေး
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ရေကျနောက်စိုက် ပခန်းစပါးရိတ်သိမ်းပွဲနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ပျိုးဖြစ်ထွန်းမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့၊ညနေ ၂ နာရီအချိန်က ရောက်ရှိကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရွှေသောင်ယံမြို့ အ.ထ.က ရွှေသောင်ယံတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က ရွှေသောင်ယံတွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။